“လူတွေဟာ အမှတ်မဲ့နေ၊ အမှတ်မဲ့ကြီး၊ အမှတ်မဲ့သေကြတယ်။ တကယ်ဆိုတော့ စား၊၀တ်၊နေရေး ပြည့်စုံရင် အို-နာ-သေရေး အတွက် အသင့်ပြင်ထားဖို့ ကောင်းတယ်။” (အရှင်ဇနကာဘိဝံသ)
“人出生,成长和死亡在一个无精打采的方式。事实上,他们应该准备自己年老,疾病和死亡后,他们已获得了生活的必需品。”
"People are born, grow up and die in a listless manner. In fact, they should prepare themselves for old age, sickness and death after they have acquired the necessities of life."
ဗုဒ္ဓဘာသာ ( 佛教 ) (Buddhism)
ကေသမုတ္တိသုတ် (ခေါ်) ကာလာမသုတ်-
ကာလာမမင်းတို့ …
သင်တို့သည်ပြောသံ ကြားကာမျှဖြင့် (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန်လင့်ဦး၊ အစဉ်အဆက် စကားမျှဖြင့်လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန်လင့်ဦး၊ ဤသို့ ဖြစ်ဖူးသတတ်ဟူသော စကားမျှဖြင့်လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန်လင့်ဦး။ ပိဋကတ် (မိမိတို့ရှေးဟောင်းကျမ်းဂန်) စာပေနှင့် ညီညွတ်ပေသည်ဟူ၍လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန်လင့်ဦး၊ ကြံဆတွေးတော၍ ယူခြင်းမှ...ျဖြင့်လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန် လင့်ဦး၊ နည်းမှီးယူခြင်းမျှဖြင့်လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန်လင့်ဦး၊အခြင်းအရာကို ကြံစည်သောအားဖြင့်လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူ ကုန်လင့်ဦး၊ (ငါတို့) ကြံစည်နှစ်သက်၍ ယူထားသောအယူနှင့် တူညီပေသည်ဟူ၍လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူကုန်လင့်ဦး၊ ငါတို့လေးစားသော ရဟန်း၏ စကားဟူ၍လည်း (ဟုတ်ပြီ မှန်ပြီဟု အတည်) မယူ ကုန် လင့်ဦး။ ကာလာမမင်းတို့ {{ဤတရားတို့ကား အကုသိုလ်တရားတို့တည်း၊ ဤတရားတို့ ကား အပြစ်ရှိသော တရားတို့တည်း၊ ဤတရားတို့ကား ပညာရှိတို့ ကဲ့ရဲ့အပ်သော တရားတို့တည်း။ ဤတရားတို့ကို ပြည့်စုံစေအပ် ဆောက်တည် အပ်ကုန်သည် ရှိသော် အစီးအပွားမဲ့ခြင်းငှါ ဆင်းရဲခြင်းငှါ ဖြစ်ကုန်၏}}ဟု သင်တို့သည် မိမိတို့ ကိုယ်တိုင်ပင် သိသောအခါ၌မူ ပယ်စွန့်ကုန်ရာ၏။
ကာလာမမင်းတို့ {ဤတရားတို့ကား ကုသိုလ်တရားတို့တည်း၊ ဤတရားတို့ကား အပြစ်မရှိသော တရားတို့တည်း၊ ဤတရား တို့ကား ပညာရှိတို့ ချီးမွမ်းအပ်သော တရားတို့တည်း။ ဤတရားတို့ကို ပြည့်စုံစေအပ် ဆောက်တည် အပ်ကုန်သည် ရှိသော် အစီးအပွားရှိခြင်းငှါ ချမ်းသာခြင်းငှါ ဖြစ်ကုန်၏}ဟု သင်တို့သည် မိမိတို့ ကိုယ်တိုင်ပင်လျှင် သိသောအခါ၌မူ ပြည့်စုံစေ၍ နေကုန်ရာ၏။
(၅ – ကေသမုတ္တိသုတ်၊ မဟာဝဂ်၊ တိကနိပါတ်၊ အင်္ဂုတ္ထိုရ်။)
中文
“不要相信什么,只是因为你听说过它。不要相信什么,只是因为它是口语和许多传言。不要相信什么,只是因为它是写在你的宗教书籍。不要相信什么,只是你的老师和长辈的权威。不相信传统,因为他们已经流传许多代。但经过观察和分析,当你发现什么都同意的原因和有利于良好的一个好处,所有,然后接受它,不辜负“。
佛祖(印度王子乔达摩悉达多,佛教创始人,563-483年).
English
“Do not believe in anything simply because you have heard it. Do not believe in anything simply because it is spoken and rumored by many. Do not believe in anything simply because it is found written in your religious books. Do not believe in anything merely on the authority of your teachers and elders. Do not believe in traditions because they have been handed down for many generations. But after observation and analysis, when you find that anything agrees with reason and is conducive to the good and benefit of one and all, then accept it and live up to it.”
Buddha (Hindu Prince Gautama Siddharta, the founder of Buddhism, 563-483 B.C.)