ချစ်ခြင်းမေတ္တာဆိုတာဘာလဲ? What is a real Love? 什么是真正的爱情?
ခုတလော fbမှာ ဒီပုံလေးပျံ့နေတာကို တွေ့ကြလိမ့်မယ်ထင်ပါတယ်။ ထိုင်ဝမ်ဆေးရုံတစ်ရုံမှာ ဒီပုံကိုရိုက်ခဲ့သူက fbပေါ် ဓာတ်ပုံတင်လိုက်တော့ လူတိုင်းက အမေကို ဒီလောက်ဂရုစိုက်ချစ်တဲ့လူဟာ ဘယ်သူလဲဆိုတာကို သိချင်လာခဲ့ကြတယ်။ ဒီလိုနဲသတင်းဌာနတစ်ခုက ဆေးရုံမှာတပ်ဆင်ထားတဲ့ ဗီဒီယိုကင်မရာကတဆင့် ဒီလူကိုစုံစမ်းခဲ့တယ်။ ဒီလူက အသက်(၆၂)အရွယ် အငြိမ်းစားယူထားတဲ့ စုံစမ်းစစ်ဆေးရေးဌာနာက ဝန်ထမ်းတစ်ဦးပါ။ သူဟာတစ်ဦးတည်းသော သားဖြစ်တာကြောင့် အမေအိုကိုပြုစုဖို့ လွန်ခဲ့တဲ့ ၅နှစ်မှာ အလုပ်ကနုတ်ထွက်ခဲ့သူဖြစ်တယ်။ သတင်းဌာနာကလူတွေ သူ့ကိုအင်တာဗျူးဖို့သွားတော့ အတွေ့မခံခဲ့ပါဘူး။ လဲကျပြီးခြေတစ်ဖက်ကျိုးနေတဲ့ လေဖြတ်နေတဲ့ သူ့အမေအိုကို လက်တွန်းလှည်းပေါ်တင်ရင် ပိုနာကျင်မှာစိုးလို့ ကျောပိုးပြီး သူဆေးရုံပို့ခဲ့တယ်လို့ပဲ ပြန်ဖြေပါတယ်။ သူဟာ အမေအိုကို ချစ်တတ်၊ ဂရုစိုက်တတ်ရုံမက တာဝန်ထမ်းဆောင်စဉ်မှာလည်း ရာထူးအာဏာကို မမက်မောခဲ့ပါဘူး။ တနယ်တကျေးပြောင်းပြီး ရာထူးတိုးပေးတာကို ငြင်းပယ်ခဲ့သူပါ။အကြောင်းအမေအိုကို သူကိုယ်တိုင်စောင့်ရှောက်ချင်ပြီး မိန်းမအပေါ် ဝန်မပိုစေချင်လို့ပါတဲ့။ သူဟာလက်အောက်ငယ်သားအပေါ် ညှာတာစာနာတတ်ပြီး လာဘ်ပေးလာဘ်ယူတာမျိုးလည်း မလုပ်ခဲ့ပါဘူး။ သူသွားရောက်စုံစမ်းတဲ့အိမ်ကကျွေးတဲ့ ထမင်းကိုတောင် ပိုက်ဆံပေးပြီး စားသူဖြစ်ပါတယ်။ သူဟာ လုပ်ဖော်ကိုင်ဖက်ကြားမှာ သတင်းမွှေးသူဖြစ်ပါတယ်။ တင်ထားတဲ့ fbဓာတ်ပုံပေါ်မှာ လာရောက်ရေးသားကြတဲ့စာတွေက “ချစ်ခြင်းမေတ္တာဆိုတာဘာလဲ? မခွဲမခွာဆိုတာ ဘာလဲ? ငယ်ငယ်တုန်းက ကိုယ့်ကိုအမေ ပွေ့ဖက်ပြီးကြီးလာခဲ့တယ်။ ကိုယ်ကြီးလာတဲ့အချိန် အမေက ကိုယ်ပြန်ပွေ့ဖက်တတ်သေးလား?”တဲ့။ တချို့ကလည်း “သူ့နေရာမှာ သင်ဆိုရင် အမေကို သူ့လို သင်ပွေ့ဖက်တတ်မလား”တဲ့။ ငယ်ငယ်တုန်းက ကိုယ့်ကို အမေကရင်ခွင်ထဲ ထွေးပွေ့ယုယခဲ့တယ်။ အမေအိုမင်းလို့ ဖျားနာပြီဆို အမေကို ကိုယ်ပြန်ပွေ့ဖက်ဖို့ မမေ့ပါနဲ့တဲ့… သတင်းလင့်လေးပါ.. http://www.youtube.com/watch?v=KYKxxwHh8T4&feature=player_embedded
一張照片,竟震撼無數人心!一位中年男子以花布包巾抱著媽媽到台南奇美醫院就醫的照片,過去兩天在網路瘋狂流傳,全台灣最熱門話題就是討論「他是誰?」
昨天《蘋果》透過管道確認這名孝子就是5年前從台南市調查站退休的調查員丁祖伋,當年他為了照顧年邁母親還申請提前退休。丁祖伋3天前抱著重病母親到奇美醫院看診的畫面,不斷在網路轉載流傳,許多網友推崇他是「現代孝子的典範。」有網友說:「這是第25孝:花布包母!」
Photo, actually shocked countless people! Photos, a middle-aged man the fabric Baojin holding her mother to Chi Mei hospital in the past two days, the Internet Rumours most popular topic to discuss "Who is he?" Yesterday "Apple" through the pipeline confirm that the dutiful son is five years ago to retire from the Tainan City Bureau of Investigation investigators Dingzu drain, when he was applying for early retirement in order to take care of his elderly mother. Dingzu drain three days before holding the seriously ill mother to the Chi Mei Hospital to see the doctor's screen, continue to spread the network reproduced many friends respected that he was "a model of filial." User said: "This is the first 25 of filial piety: spend cloth mother! "